လှစ်ဟာနေသူကို ကိုယ်တော်ဖြည့်ဆည်းပေးသည်
မိမိကိုယ်ကိုနာကျင်စေတတ်သူများ ဝတ်လေ့ရှိသည့် တီရှပ်အင်္ကျီလက်ရှည်ကို လက်ပေါ်တစ်ဝက်တစ်ပျက် ခေါက်တင်ထားသည့် ၁၅ နှစ်အရွယ်မိန်းကလေး၏ "ခြစ်ရာဖုံးထားပုံ"ကို စိတ်ပညာရှင် Madeline Levine (မယ်ဒလင်းလာဗင်) သတိပြုမိခဲ့သည်။ အင်္ကျီလက်ကို သူဆွဲတင်လိုက်သောအခါ လက်ဖျံပေါ်တွင် "အနတ္တ"ဟူသောစာလုံးကို ဘလိတ်ဓားနှင့်ထွင်းထားသည်ကို တွေ့လိုက်ရ၍ Levine မှင်သက်သွားပြီး ဝမ်းနည်းသွားသော်လည်း ထိုဆယ်ကျော်သက်လေးသည် သူအလွန်အမင်း အလေးအနက် လိုအပ်နေသည့်အကူအညီကို ရယူရန် ပွင့်ပွင့်လင်းလင်းရှိသည့်အတွက် ကျေးဇူးတင်မိသည်။
ဆယ်ကျော်သက်မိန်းကလေးသည် နှလုံးသား၌ "အနတ္တ" ဟု ရေးထွင်းထား သူများကို တစ်နည်းနည်းဖြင့် ကိုယ်စားပြုနေသည်။ လစ်ဟာနေမှုများကို ဖြည့်ဆည်းပေးရန်နှင့် "ပြည့်စုံသော"အသက်ကို ပေးခြင်းငှာ ရှင်ယေရှု ကြွဆင်းလာကြောင်း ရှင်ယောဟန်က ရေးသားခဲ့သည် (ယော ၁၀:၁၀)။ လူသားတိုင်း၏စိတ်၌ ပြည့်စုံသောအသက်ကို ရရှိလိုသောဆန္ဒအား ဘုရားသခင်ပေးထားပြီး သူနှင့်နှစ်သက်ဖွယ်ဆက်ဆံရေးကို လူတို့တွေ့ကြုံခံစားရရန် ကိုယ်တော်အလိုရှိသည်။ သို့သော် ကိုယ်တော်က "သူခိုး"သည် လူ့အသက်ကို ရန်ရှာဖျက်ဆီးရန် လူများ၊…
အနတ္တအမှုတွင် ဝမ်းမြောက်ခြင်းကို ရှာတွေ့ခြင်း
I like Boring Things (ငြီးငွေ့ဖွယ်အရာကို ကြိုက်သည်) ဟူသည့် ဘလော့ဂ်ကို ဖန်တီးသူ James Ward (ဂျိမ်းစ်ဝါ့ဒ်)သည် ၂၀၁၀ ခုနှစ်က "ငြီးငွေ့ဖွယ်ကွန်ဖရင့်" အစီအစဥ်တစ်ခုကို ကျင်းပခဲ့သည်။ ၎င်းသည် စိတ်ဝင်စားဖွယ်မကောင်းသော၊ သာမန်အရာ၊ သတိမပြုမိသောအရာများကို တစ်ရက်တာဖော်ပြခြင်းဖြစ်သည်။ ယခင်က ဟောပြောသူများက နှာချေသံ၊ စက်သံနှင့် ၁၉၉၉ ခုနှစ်ထုတ် ကွန်ပြူတာသုံး မင်ပုံနှိပ်စက်သံ စသည့်အဓိပ္ပာယ်မရှိသည့်ပုံပေါ်သည့် အကြောင်းအရာများကို ဟောပြောကြသည်။ ခေါင်းစဥ်ကြည့်လိုက်သည်နှင့် ငြီးငွေ့စရာဖြစ်မှန်း ဝါ့ဒ် သိသော်လည်း ဟောပြောသူများက စိတ်ဝင်စားစရာမကောင်းသည့် ခေါင်းစဥ်ကို စိတ်ဝင်စားဖွယ် အဓိပ္ပာယ်ရှိရှိနှင့် ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟောပြောနိုင်ကြသည်။
ရှေးနှစ်ထောင်ပေါင်းများစွာက ပညာအရှိဆုံးဘုရင် ရှောလမုန်မင်းသည် အဓိပ္ပာယ်မဲ့၍အနတ္တဖြစ်သောအရာများနောက်လိုက်ပြီး ဝမ်းမြောက်မှုကိုရှာခဲ့သည်။ အလုပ်အကိုင်၌၊ တိရိစ္ဆာန်၊ စည်းစိမ်နှင့် သီချင်းသည်များ စုဆောင်းပိုင်ဆိုင်ခြင်း၌၊ အဆောက်အဦများ တည်ဆောက်ခြင်း၌ ရှာဖွေသည် (ဒေ ၂:၄-၉)။ အမှုအချို့က…
ဘဝအတွက် အခြေခံလမ်းညွှန်
ကျွန်တော့်အမေရုတ်တရက်ကွယ်လွန်သွားပြီးနောက်တွင် အင်တာနက် ဘလော့ စရေးရန် ကျွန်တော်စိတ်အားထက်သန်ခဲ့သည်။ ကမ္ဘာပေါ်တွင် အသက်ရှင်နေရသည့် မိနစ်များကို ထူးခြားသော ဘဝအခိုက်အတန့်ဖြစ်စေရန် လူတို့ကို နိုးဆော်သောစာများကို ကျွန်တော်ရေးချင်သည်။ ထို့ကြောင့် ဘလော့ရေးနည်း အခြေခံလမ်းညွှန်ကို လေ့လာခဲ့သည်။ မည်သည့်နည်းလမ်းများ သုံးရမည်၊ မည်သို့ ခေါင်းစဥ်ရွေးချယ်ရမည်၊ စိတ်ဝင်စားဖွယ်စာများ မည်သို့ရေးရမည်ကိုလေ့လာခဲ့သည်။ ၂၀၁၆ ခုနှစ် တွင် ကျွန်တော်၏ပထမဆုံးဘလော့ စတင်မွေးဖွားခဲ့သည်။
ရှင်ပေါလုသည် ထာဝရအသက်ကို မည်သို့လက်ခံရရှိနိုင်ကြောင်း "အခြေခံ လမ်းညွှန်"ကို ရေးသားခဲ့သည်။ ရောမသြဝါဒစာ ၆:၁၆-၁၈ တွင် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သူ (အပြစ်သားများ)အဖြစ် မွေးဖွားခဲ့ခြင်းနှင့် သခင်ယေရှု ကျွန်ုပ်တို့ကို အပြစ်မှရွေးနုတ်ကယ်တင်သည့် သမ္မာတရားကို နှိုင်းယှဥ်ဖော်ပြ သည် (:၁၈)။ ထို့နောက် အပြစ်၏ကျေးကျွန်နှင့် ဘုရားသခင်နှင့် သခင်၏အသက်ရှင်ခြင်းတရား၏ကျွန်ဖြစ်ရခြင်း၏ ကွဲပြားမှုကို ဖော်ပြသည် (:၁၉-၂၀)။ "အပြစ်တရား၏အခကား သေခြင်း"၊ "ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား…
မေတ္တာဖြင့်ပြုသောကြီးသောအမှု
အမေရိကန်နိုင်ငံ၊ Oregon (အော်ရီဂွန်)ပြည်နယ်၏ Malheur (မဲလ်ဟာ) အမျိုးသားသစ်တောတွင် ပျားရည်မှိုဟု လူသိများသော မှိုတစ်မျိုးသည် ဧက ၂၂၀၀ တစ်လျှောက်ရှိ သစ်ပင်အမြစ်တွင် ပျံ့နှံ့စွဲကပ်နေပြီး တွေ့ရှိနိုင်သမျှသက်ရှိများတွင် အများဆုံးဖြစ်သည်။ သစ်တောထဲ၌ "၎င်း၏ အနက်ရောင်ဖိနပ်ကြိုးကဲ့သို့သော အမျှင်"ဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်တိုင် ယက်လုပ်နေပြီး အခြားသစ်ပင်များကို သေစေပါသည်။ ထိုဖိနပ်ကြိုးကဲ့သို့သောအမျှင်ကို "Rhizomorphs" (ရိုင်ဇိုမော့ဖ်)ဟုခေါ်ပြီး မြေကြီးအတွင်း အနက် ၁၀ ပေအထိ နက်ရှိုင်းစွာ ဥမင်လိုဏ်ခေါင်းသဖွယ် ရှိနေသည်။ ထိုသက်ရှိသည် မယုံနိုင်လောက်အောင် များပြားသော်ငြား၊ ၎င်းသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော မျိုးမှုန်ဆဲလ်တစ်ခုမှသာ စဖြစ်ခဲ့သည်။
သမ္မာကျမ်းစာတွင် အကြီးအကျယ် ပြစ်တင်ရှုတ်ချခံရသော မနာခံခြင်းနှင့် အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့သော နာခံခြင်းအကြောင်းကို ဖော်ပြထားသည်။ တမန်တော်ရှင်ပေါလုက အာဒံနှင့် သခင်ယေရှုတို့၏ မတူညီမှုကို နှိုင်းယှဥ်ဖော်ပြသည် (ရော ၅:၁၄-၁၅)။ အာဒံ၏အပြစ်သည်…
မျှော်လင့်လျက်စောင့်စားစဉ်
ဟာချီ ခွေးဇာတ်လမ်း ရုပ်ရှင်တွင် ကောလိပ်ကျောင်းမှပါမောက္ခ ဆရာကြီးတစ်ဦးသည် ဟာချီအမည်ရှိ စွန့်ပစ်ခံရသည့်ခွေးလေးတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ခွေးလေးသည် နေ့စဉ်ဘူတာရုံ၌ အလုပ်မှပြန်လာသည့်ဆရာကြီးကို စောင့်ကြိုခြင်းဖြင့် ၎င်း၏သစ္စာရှိမှုကို ပြခဲ့သည်။ တစ်နေ့တွင် ဆရာကြီးသည် လေဖြတ်ပြီးကွယ်လွန်သွားသဖြင့် ပြန်ရောက်မလာနိုင်တော့ပါ။ ဟာချီသည် သူချစ်သောသခင်အား နေ့စဉ် နောက် ၁၀ နှစ်တိုင် ဘူတာရုံ၌ စောင့်နေခဲ့သည်။
ရှင်လုကာကလည်း သူ့သခင်ကို စောင့်စားသည့် ရှုမောင်အမည်ရှိ လူတစ်ဦးအကြောင်းကိုလည်း ရေးသားခဲ့သည်(လု ၂:၂၅)။ သူသည် မေရှိယကို မမြင်မီ မသေရဟု(:၂၆) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကိုရခဲ့သည်။ သို့နှင့် လူအမျိုးမျိုးတို့အတွက် ကယ်တင်ခြင်းကို ပြင်ဆင်ပေးသနားမည့်သူကို (:၃၀) ရှုမောင်စောင့်စားခဲ့သည်။ သူငယ်တော်ယေရှုနှင့်အတူ မာရိနှင့်ယောသပ်တို့ ဗိမာန်တော်သို့ ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်က ထိုသူပင်ဖြစ်သည်ဟု ရှုမောင်အား ဖော်ပြခဲ့သည်။ စောင့်စားရသောအချိန် ပြီးဆုံးပြီ။ ရှုမောင်သည် လူသားတိုင်းအတွက် မျှော်လင့်ခြင်း၊ ကယ်တင်ခြင်း၊ နှစ်သိမ့်သက်သာခြင်း…
ဘုရားသခင်၏လမ်းပြမှု
တစ်ခါက စုံတွဲတစ်တွဲ၏ဘဏ်အကောင့်ထဲသို့ ဒေါ်လာ ၁၂၀၀၀၀ မတော်တဆ လွှဲပြောင်းဝင်လာရာ သူတို့ဈေး၀ယ်ထွက်ကြသည်။ ပေးဆောင်ရမည့်အခွန်အခများ ကို ပေးချေပြီးနောက် ဘက်စုံသုံးယာဉ်တစ်စီး၊ ရွေ့လျားအိမ်ကားနှင့် ထရပ်ကားနှစ်စီးဝယ်ခဲ့သည်။ ငွေလွှဲမှားကြောင်းကို သိရှိပြီးနောက် ဘဏ်မှ ငွေပြန်ပေးခိုင်းသောအခါ ထိုလင်မယားမှာ ငွေများကို အကုန်သုံးပစ်ခဲ့ပြီဖြစ်သည်။ သို့နှင့် ငွေအလွဲသုံးစားမှုဖြင့် တရားစွဲခံခဲ့ရပြီး တရားရုံးတွင် ယောက်ျားဖြစ်သူက “ကျွန်တော်တို့က လွဲမှားတဲ့ ဥပဒေဆိုင်ရာအကြံပေးချက်အချို့ကို ယူခဲ့မိတယ်” ဟု သတင်းထောက်ကို ပြော ကြားခဲ့သည်။ မကောင်းသည့် အကြံဉာဏ်ကိုယူမိခြင်းနှင့် မိမိဥစ္စာမဟုတ်ဘဲ သုံးစွဲမိခြင်းသည် သူတို့၏ဘဝကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ကြောင်း သင်ခန်းစာရခဲ့သည်။
ထို့ကြောင့် ဆာလံဆရာက ကျွန်ုပ်တို့ဘဝရှုပ်ထွေးပွေလီမှုကို ရှောင်ရှားနိုင် အောင် အမြော်အမြင်ရှိသောအကြံကို ပေးခဲ့သည်။ တရားတော်၌ မွေ့လျော်ပြီး မင်္ဂလာရှိသူတို့သည် ဘုရားမသိသူတို့၏အကြံဉာဏ်ပေးချက်ကို မလိုက်ဟု ရေးသားခဲ့သည်(ဆာ ၁:၁)။ ပညာမဲ့သော၊ ဘုရားအလိုမရှိသော အကြံပေးချက် များသည် မမြင်ရသောအန္တရာယ်နှင့်…
တစ်ဖန် ပြန်လည်ချိုမြခြင်း
ရုရှားလူမျိုးတို့၏မင်္ဂလာဆောင်ဓလေ့သည် အလွန်လှပခန့်ညားသည်။ ဧည့်ခံပွဲတွင် ဓလေ့တစ်ခုမှာ မင်္ဂလာမောင်နှံအား ဂုဏ်ပြုရန်အတွက် ဧည့်ပရိသတ်များ ဖန်ခွက်ကိုအပေါ်သို့မြှောက်ကြရန် မင်္ဂလာအခမ်းအနားမှူးက ကြေညာလိုက်သည်။ ဧည့်သည်အားလုံးသည် မြှောက်ထားသောဖန်ခွက်ထဲမှ ဖျော်ရည်တစ်ငုံသောက်ပြီး ရုရှားဘာသာဖြင့် “ဂေါ်ကို ဂေါ်ကို” ဟုအော်ဟစ်ကြသည်။ “ခါးသည် ခါးသည်” ဟု အဓိပ္ပာယ်ရသည်။ ထိုအခါ မင်္ဂလာမောင်နှံတို့သည် မတ်တပ်ရပ်ပြီး ဖျော်ရည် ပြန်ချိုမြလာစေရန် တစ်ဦးနှင့်တစ်ဦး နမ်းခြင်းဖြင့် ပြန်လည်တုံ့ပြန်ကြသည်။
ပရောဖက်ဟေရှာယက ကမ္ဘာပေါ်သို့ ကျရောက်မည့်ပျက်စီးခြင်းနှင့် ကျိန်ဆဲခြင်းကဲ့သို့သော ခါးသီးခြင်းစပျစ်ရည်(အခန်းကြီး ၂၄)၊ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟူသော ချိုမြသည့်မျှော်လင့်ခြင်း(အခန်းကြီး ၂၅)အတွက် လမ်းခင်းပေး မည်ဟု ပရောဖက်ပြုခဲ့သည်။ ထာဝရဘုရားသည် အရသာရှိသော စားဖွယ်စုံ၊ အကောင်းဆုံးနှင့် အချိုမြဆုံးသော သောက်စရာတို့ကို ပြင်ဆင်ထားမည်။ အစဉ်သဖြင့် ရရှိခံစားရမည့်ကောင်းချီးဖြစ်သည့် ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာ စစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ စီရင်တော်မူသည် (၂၅:၆)။ ရှိပါသေးသည်။ ဖြောင့်မတ်သောသခင်၏အုပ်စိုးမှုအောက်တွင် သေခြင်းကို ရှုံးစေပြီး၊…
ဘုရားရှင်သည် ကျွန်ုပ်တို့ကို မစွန့်ပစ်ပါ
ဂျူလီယို သည် နယူးယော့မြို့နှင့် နယူးဂျာစီမြို့ကို ဆက်သွယ်ထားသည့် ရှုပ်ယှက်ခတ်နေသော စင်္ကြံနှစ်ထပ်ရှိသည့် ဂျော့ဝါရှင်တန် တံတားကို စက်ဘီးနှင့် ဖြတ်သွားစဉ် သေရေးရှင်ရေးအခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ လူတစ်ဉီး သည် ဟတ်ဆန် မြစ်ဘက်သို့ ထွက်နေသောအစွန်းနားတွင် ခုန်ချရန် ဟန်ပြင် နေသည်။ ရဲများအချိန်မီ မရောက်ရှိလာနိုင်သည်ကို သိသောကြောင့် ဂျူလီယိုသည် လျင်မြန်စွာလှုပ်ရှားခဲ့ရသည်။ စက်ဘီးပေါ်မှဆင်းပြီး လက်ကိုဖြန့်ကျက် ဆန့်တန်း ကာ "မလုပ်ပါနဲ့။ ငါတို့မင်းကို ချစ်တယ်" ဟုအော်ပြောလိုက်သည်။ ထို့နောက် ထိုစိတ်ဓာတ်ကျနေသူကို အခြားသူတစ်ဦး၏အကူအညီဖြင့် သိုးကို တောင်ဝှေးနှင့် ကုတ်သကဲ့သို့ လှမ်းဖက်လိုက်ကာ လုံခြုံစိတ်ချရသောနေရာသို့ခေါ်ချနိုင်ခဲ့သည်။ သတင်းများအရ ဂျူလီယို သည် ထိုသူ၏အနေအထား စိတ်ချရသည့်တိုင် ထိုလူကြီးကို လက်မလွတ်ခဲ့ကြောင်း ရေးသားဖော်ပြကြသည်။
လွန်လေသော နှစ်ပေါင်း၂၀၀၀ အစောပိုင်းက သေရေးရှင်ရေးအခြေအနေ တစ်ရပ်တွင်လည်း ကောင်းသောသိုးထိန်းယေရှုသည် သူ့ကိုယုံကြည်သူများအား သူ့အသက်ကိုစတေးပြီးကယ်တင်ကာ ဘယ်သောအခါမှ စွန့်ပစ်မည်မဟုတ်…
ထူးဆန်းအံ့သြဖွယ် အတုမရှိသော
လန်ဒန်တိရိစ္ဆာန်ဥယျာဉ်၏အဆိုအရ - လူသည် အထူးစပယ်ရှယ်များ မဟုတ်ပါ။ ၂၀၀၅ ခုနှစ်က တိရိစ္ဆာန်ဥယျာဉ်အာဏာပိုင်များက “သဘာဝပတ်ဝန်းကျင်၌ရှိသော လူသားများ’’ ဟူသည့် ပြပွဲတစ်ခုကို ၄ ရက်ကြာ ခင်းကျင်းပြသခဲ့သည်။ လှောင်အိမ်၌ ထည့်ထားသည့် လူသားများကို အွန်လိုင်းပြိုင်ပွဲ ပြုလုပ်ပြီး ရွေးချယ်ခဲ့ကြသည်။ လူသားသဘာဝကို ဧည့်ပရိသတ်များ ပိုနားလည်စေရန် တိရိစ္ဆာန်ဥယျာဉ် ဝန်ထမ်းများက ဆိုင်းဘုတ်တွင် သူတို့ စားသည့်အစာ၊ အမူအကျင့်၊ ၎င်းတို့ကို ခြိမ်းခြောက်သည့် အရာ စသည့်ဖြင့် အသေးစိတ် ရေးသားဖော်ပြကြသည်။ တိရိစ္ဆာန်ဥယျာဉ်၏ ပြောရေးဆိုခွင့်ရှိသူက ဤပြပွဲ၏ ရည်ရွယ်ချက်မှာ လူသား၏အတုမရှိဖြစ်ခြင်းကို မှေးမှိန် အောင် လုပ်ရန်ဖြစ်သည်ဟု ဆိုသည်။ ထိုပြပွ္ပဲ၌ ပါဝင်ခဲ့သူ တစ်ဦးကလည်း ထိုအချက်ကို သဘောတူပုံရသည်။ “လူကို သတ္တဝါလို့ မြင်တဲ့အခါ … ငါတို့ဟာ ဘာမှအထူးစပယ်ရှယ်တွေ မဟုတ်ပါလားဆိုတာ သတိပေးနေသလိုပါပဲ’’ ဟု ဆိုသည်။…
ကောင်းသော ဖယ်ရှားရာနေ့
၂၀၀၆ ခုနှစ်မှစ၍ လူတစ်စုသည် နှစ်သစ်ကူးချိန်၌ လုပ်ရိုးလုပ်စဉ်မဟုတ်သောပွဲကို ကျင်းပကြသည်။ ၎င်းကို ‘‘ကောင်းသောဖယ်ရှားရာနေ့’’ ဟု ခေါ်သည်။ လက်တင် အမေရိက ယဉ်ကျေးမှုကို အခြေခံလျက် လူတစ်ဦးချင်းသည် မကောင်းသော၊ စိတ်ကသိကအောင့် ဖြစ်သော ဆိုးရွားသည့်နှစ်ဟောင်းမှ အဖြစ်အပျက်များကို စာရွက်ပေါ်တွင် ချရေးပြီး စက္ကူဖျက်စက်ဖြင့် ပျက်စီးကြသည်။ အချို့က ဆယ်ပေါင် တူကြီးဖြင့် ရေးသားထားသော အကြောင်းအရာများကို ထုနှက်ပစ်ကြသည်။
ဆာလံ ၁၀၃ ကို ရေးသားသူက မနှစ်သက်ဖွယ် အမှတ်ရစရာများကို ဖယ်ရှားလိုက်ခြင်းထက်မကသော အချက်ကို အဆိုပြုထားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အပြစ်များကို ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သူသတိပေး ထားသည်။ သူ၏လူများအတွက် ဘုရားသခင်၏ ကြီးမားသောမေတ္တာကို ဖော်ပြရန် ကြိုးစားရာတွင် ရုပ်လုံးပေါ်စေမည့် စကားလုံးများကို ဆာလံဆရာက အသုံးပြုထားသည်။ ဘုရားသခင်၏မေတ္တာကြီးမားမှုကို ကောင်းကင်နှင့် မြေကြီး၏အကွာအဝေးဖြင့် နှိုင်းယှဉ်ထားသည်(း၁၁)။ ကိုယ်တော်၏ ခွင့်လွှတ်ခြင်းကို…